The Glory Dream - Visited in Myanmar -1
ကျိုက်မှော်ဝန်း-ကျောက်တန်းရေလယ်
သန်လျင်-ကျောက်တန်း ရေလယ်ဟု လူသိများသော ကျိုက်မှော်ဝန်း ဘုရားသည် ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် ကျောက်တန်းမြို့ ရှိ မှော်ဝန်းချောင်းရေလယ်တွင်တည်ရှိပါသည်။
သာသနာနှစ် ၂၁၅ ခုတွင် ပါဒနိုင်ငံတော်ကို စတင်တည်ထောင် နန်းတည်ခဲ့သော ဘောဂသေနမင်း မှ တည်ထားခဲ့ပါသည်။ သာသနာသက္ကရာဇ် ၂၃၈ ခုတွင် ဘောဂသေနမင်းသည် မြတ်စွာဘုရား၏ ဆံတော် နှင့် ဓာတ်တော်များကို ဌာပနာပြီး ဉာဏ်တောင်၇တောင် မြင့်သော ကျိုက်မျှော်ကဋော့စေတီကို တည်တော်မူပါသည်။
ဘောဂသေနမင်း လွန်ပြီး တွတ္တနာဂမင်းကြီးလက်ထက်တွင် သိရိလင်္ကာမှ ဓမ္မလက်ဆောင်အဖြစ် ရခဲ့သော ဆံတော်တစ်ဆူ နှင့် ဓာတ်တော် ၂၇ဆူကို ရွှေကြုတ်၊ ငွေကြုတ်တို့အား သိရိလင်္ကာမှ ရဟန္တာရှစ်ပါး၏ ဩဝါဒဖြင့် ကျိုက်မျှော်ကဋော့စေတီတွင် ထည့်သွင်းဌာပနာခဲ့ပါသည်။ ထို့အပြင် မူလစေတီကို ပြုပြင်ပြီး စေတီ၏ရင်ပြင်တော်ကို ရေမလွှမ်းနိုင်ပါစေ၊ ဘုရားဖူး ရဟန်းရှင်လူ လာသလောက် ရင်ပြင်ပေါ်တွင် နေလောက်ပါစေ နှင့် စေတီကို ပြုပြင် လှူဒါန်းသူတို့သည် ပစ္စုပ္ပန်၌ပင် လောကီစီးပွား တိုးတက်ပါစေ ဟူသော အဓိဌာန် ၃ချက်ပြုခဲ့ပါသည်။
ကောဇာသက္ကရာဇ် ၁၂၇၁ (ခရစ်နှစ် ၁၉၁၀) တွင် ဒေါ်ဒေါ်သက်သည် မှော်ဝန်းချောင်း ရေလယ်တွင်ရှိသော ကျိုက်မျှော်ကဋော့စေတီ ကုန်းတော်ပေါ်သို့ ရောက်ရှိလာကာ စေတီပျက်ကို တွေ့ရှိရပါတယ်။ ဉာဏ်တော် ၇တောင်မြင့်သော စေတီပျက်ကို ငုံပြီး ဉာဏ်တော် ၃၄တောင်၊ မုဋ်၄ဆင့်ပါသော စေတီကို တည်ခဲ့ပါတယ်။ စေတီ၏ ဘွဲ့တော်ကိုလည်း ကျိုက်မျှောကဋော့မှ ကျိုက်မှော်ဝန်းစေတီ ဟု ပြောင်းလဲခေါ်ဆိုခဲ့ပါတယ်။
တွတ္တနာဂမင်းကြီး၏ အဓိဌာန် အတိုင်း ချောင်းရေတတ်သော်လည်း ကုန်းတော်ပေါ်သို့ရေလွှမ်းမိုးခြင်းလုံးဝမရှိခြင်း၊ ဘုရားဖူး ဘယ်လောက်လာလာ ရင်ပြည်တော်ပြည့်ကျပ်ခြင်းမရှိခဲ့ပါ။ ထို့အပြင် စေတီတော် အနီးတွင် နေထိုင်ကြသော ငါးကြီးများအားတွေမြင်နိုင်ပါသည်။ ဒေသခံတစ်ချို့သည် ရေလုပ်ငန်းလုပ်ကိုင်ကြသော်လည်း စေတီတော် အနီးတွင် ငါးဖမ်းခြင်းမပြုလုပ်ကြပါ။
စေတီ၏ ဗုဒ္ဓပူဇနီယ ပွဲတော်အား နှစ်စဥ် တပေါင်းလတွင်ကျင်းပလေ့ရှိပါသည်။ ရန်ကုန်မှ ၂၂ မိုင်ခန့် နှင့် သန်လျင်မှ ၇ မိုင်ခန့်ကွာဝေးပြီး ကားဖြင့် အလွယ်တကူသွားရောက်ဖူးမျှော်နိုင်ပါသည်။ ရေလမ်း / မီးရထားအသုံးပြု၍လည်းသွားရောက်နိုင်ပါသည်။
The Glory Dream



Comments
Post a Comment