Posts

The Glory Dream - Visited in Myanmar -1

Image
ကျိုက်မှော်ဝန်း-ကျောက်တန်းရေလယ် သန်လျင်-ကျောက်တန်း ရေလယ်ဟု လူသိများသော ကျိုက်မှော်ဝန်း ဘုရားသည် ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်  ကျောက်တန်းမြို့ ရှိ မှော်ဝန်းချောင်းရေလယ်တွင်တည်ရှိပါသည်။ သာသနာနှစ် ၂၁၅ ခုတွင် ပါဒနိုင်ငံတော်ကို စတင်တည်ထောင် နန်းတည်ခဲ့သော ဘောဂသေနမင်း မှ တည်ထားခဲ့ပါသည်။ သာသနာသက္ကရာဇ် ၂၃၈ ခုတွင် ဘောဂသေနမင်းသည် မြတ်စွာဘုရား၏ ဆံတော် နှင့် ဓာတ်တော်များကို ဌာပနာပြီး ဉာဏ်တောင်၇တောင် မြင့်သော ကျိုက်မျှော်ကဋော့စေတီကို တည်တော်မူပါသည်။ ဘောဂသေနမင်း လွန်ပြီး တွတ္တနာဂမင်းကြီးလက်ထက်တွင် သိရိလင်္ကာမှ ဓမ္မလက်ဆောင်အဖြစ် ရခဲ့သော ဆံတော်တစ်ဆူ နှင့် ဓာတ်တော် ၂၇ဆူကို ရွှေကြုတ်၊ ငွေကြုတ်တို့အား သိရိလင်္ကာမှ ရဟန္တာရှစ်ပါး၏ ဩဝါဒဖြင့် ကျိုက်မျှော်ကဋော့စေတီတွင် ထည့်သွင်းဌာပနာခဲ့ပါသည်။ ထို့အပြင် မူလစေတီကို ပြုပြင်ပြီး  စေတီ၏ရင်ပြင်တော်ကို ရေမလွှမ်းနိုင်ပါစေ၊ ဘုရားဖူး ရဟန်းရှင်လူ လာသလောက် ရင်ပြင်ပေါ်တွင် နေလောက်ပါစေ နှင့် စေတီကို ပြုပြင် လှူဒါန်းသူတို့သည် ပစ္စုပ္ပန်၌ပင် လောကီစီးပွား တိုးတက်ပါစေ ဟူသော အဓိဌာန် ၃ချက်ပြုခဲ့ပါသည်။ ကောဇာသက္ကရာဇ် ၁၂၇၁ (ခရစ်နှစ် ၁၉၁၀) တွင် ဒေါ်ဒေါ်သက်သည် မှော်ဝန်းချေ...